Thursday, August 2, 2012
ပြည်တွင်း ဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ
ဂျီမေးလ် အကောင့်အသစ် ပြုလုပ်လိုသူများ အနေဖြင့် မိမိတို့၏
ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ် အကောင့်သစ်များ
ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ Google က ယင်း၏ Gmail Account
သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ်
အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ယခင်က ပြည်တွင်းမှ အင်တာနက်
အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ် အကောင့်သစ်များကို ပြုလုပ်လိုပါက
ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ် နံပါတ်) များဖြင့်
မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏
ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို
ရယူနိုင်ခဲ့ကြသည်။ “အခုလိုမျိုး ဂူဂဲလ်က လုပ်ပေးတော့ ဒီနိုင်ငံရဲ့
ပြည်တွင်းဆက်သွယ်ရေး စနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို
ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီ
လှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီပေါ့” ဟု ပုဂ္ဂလိက နည်းပညာ
ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက
ဆိုသည်။ ထိုကဲ့သို့ ဂျီမေးလ် အကောင့်အသစ် ပြုလုပ်သူများအနေဖြင့်
ပြည်တွင်းဖုန်းနံပါတ်များကို အသုံးပြုရာတွင် Google မှ ပြုလုပ်သူ၏
ဖုန်းနံပါတ်သို့ Audio Message စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပြီး
ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်ဟု Google ၏
အဆိုပါဝန်ဆောင်မှုက စမ်းသပ်ပြုခဲ့ကြသည့် ရန်ကုန်မြို့တွင်း နေထိုင်သော
အင်တာနက် ကျွမ်းကျင်သူများထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ပျော်ရွှင်စရာကမ္ဘာလေးဖြစ်ပါစေ