Saturday, July 28, 2012

ပဋိသန္ဓေတည်ကြောင်းအင်္ဂါ ၃ပါး




ပဋိသန္ဓေတည်ကြောင်းအင်္ဂါ ၃ပါး
         ကာမဘုံတွင် ဂဗ ၻေသယ် ပဋိသန္ဓေဖြစ်ကြောင်း ပဋိသန္ဓေဖြစ်ပုံတို့ကိုပြဆိုရလျှင် ဓာတုဝ ၀တ္ထန်ကမ္မဌာန်း၊ ကာယဂတာသတိ ကမ္မဌာန်း၊ တို့၏အရာတွင် အထူးသဖြင့်ထင်ရှားရန်ရှိသောကြောင့်  ပဋိသန္ဓေတည်ကြောင်း ၊ ပဋိသန္ဓေတည်ပုံတို့ကို ပြဆိုပေအံ့။         မူလပဏ္ဏာသ ပါဠိတော် မဟာတဏှာသင်္ခယသုတ်တွင် ဟောတော်မူသောအရာများအရ -
  1. မိခင်သည် ဥတုလာပြီးစခုနစ်ရက်အတွင်းတွင်ဖြစ်စေ။
  2. တိုအမိဝမ်းသို့ဝင်လတ္တံ့သော သတ္တဝါလည်း ရှေးရှုတည်သည်ဖြစ်စေ။
  3. ထိုအခါ အမိရာဂစိတ်ဖြစ်အောင် ယောက်ျားတစ်စုံတစ်ယောက်၊ ဝတ္ထုတစ်စုံတစ်ခု သွားလာထိပါးသည်ဖြစ်စေ။
         ထိုအင်္ဂါ၃ပါးပြည့်စုံလျှင် ပဋိသန္ဓေဖြစ်၏။

ဝတ္ထုနှင့်ထိ၍ပဋိသန္ဓေရခြင်း
               အမိရာဂစိတ်ဖြစ်အောင်ပြုရာတွင် အင်္ဂါဇာတ်ခြင်းထိကြမှသာမဟုတ်၊ ကိုယ်လက်များကို သုံးသပ်ခြင်းဖြင့်သော်လည်းရာဂစိတ်ကို ဖြစ်စေနိုင်၍ ပဋိသန္ဓေကိုတည်စေနိုင်၏။ တို့ကြောင့် သုဝဏ္ဏသျှံသို့သား၊ မဏ္ဍဗျသတို့သားတို့၏ အမိကို အဘသည် ချက်ကိုလက်မဖြင့်သုံးသပ်ရုံဖြင့် သုဝဏ္ဏသျှံ၊ မဏ္ဍဗျတို့ကို ပဋိသန္ဓေရသည်။               ရသေ့စွန့်ပစ်သောကျေက်ခွက်တွင်ရှိသော သုတ်နှင့်ရောသော ကျင်ငယ်ရေကို သမင်မသောက်၍ က္ကသိသိင်္ဂရသေ့ကို ပဋိသန္ဓေရသည်။           ကျွန်တော်မအားလို့နည်းနည်းချင်းတင်ရတာကိုခွင့်လွတ်ကြပါ။ ညစ်ညမ်းတာတစ်ချို့ကို ဖြတ်တောက်ပြီးတင်ရတဲ့အတွက် ခုလိုတိုသွားခြင်းဖြစ်ပါတယ်။   
လေအသံထိ၍ ပဋိသန္ဓေရခြင်း

           ကြက်မတို့သည် လေခံ၍ ပဋိသန္ဓေရကြသည်။

                   ယထာ ဗလာက ယောနိမှီ၊ န ဝိဇ္ဖတိ ပုမောသဒ္ဒါ။

                   မေဃေံသု ဂဇ္ဖမာနေဘု၊ ဂဗ္ဘံ ဂဏှန္တိ တာ သဒါ။   ။

            ဟူသော အရှင်ဥပါလိအပဒါန် ပါဠိတော်တွင် ဟောတော်မူသောကြောင့် ဗျိုင်းအောက်မတို့သည် မိုဃ်း(မိုး)သံဖြင့် ပဋိသန္ဓေရကြသည်။ (ဗလာလောက ဟူ၍ဟောတော်မူသောကြောင့် ဗျိုင်းအောက်မတို့ကိုသာမှတ်အပ်သည်၊ ဗျိုင်းဖြူကိုမမှတ်နှင့်။)

           ထိုသို့ အမိဝမ်းသို့ဝင်လတ္တံ့သော သတ္တဝါရှေးရှုရှိခြင်း၊ အမိဥတုလာ၍ပြီးစခုနစ်ရက်အတွင်း ဖြစ်ခြင်းအကြောင်း နှစ်ပါးရှိလျှင် အင်္ဂါဇာတ်ခြင်းထိမှသာမဟုတ်၊ အမိရာဂစိတ်ဖြစ်လျှင်ပင် ပဋိသန္ဓေရတတ်သောကြောင့် များသောအားဖြင့် ဥတုလာ၍ပြီးစဖြစ်သော မိန်းမတို့သည် ပဋိသန္ဓေကို ရသည်ချည်းတည်း။

သားမရခြင်းအကြောင်းနှင့် ပဋ္ဋိသန္ဓေကလာပ်စည်း

 

(၁)ရှေးအကုသိုလ်ကံ

(၂)သားအိမ်တွင်းတွင် ရှိသောပိုး

(၃)ပျက်သောလေ

            ထိုအကြောင်းသုံးပါးတို့တွင် တစ်ပါးပါးတို့ကြောင့် ပျက်စီးခြင်းများသောကြောင့် သားကို မဘွားမြင်(မဖွားမြင်)ရ ဟူ၍လည်း မှတ်အပ်၏ ။

            ထိုအကြောင်းသုံးပါးတို့ကြောင့် အမိဝမ်းတွင် ပဋိသန္ဓေယူရသော ဂဗ္ဘသေယျသတ္တဝါသည် အမိ၏ဝမ်း သားအိမ်တွင်းတွင် အဖ၏သုတ်၊ အမိ၏သွေးကိုအမှီပြု၍-

(၁)ကာယဒသက ကလာပ်တစ်စည်း

(၂)ဝတ္ထုဒသက ကလာပ်တစ်စည်း

(၃)ယောက်ျားဖြစ်အံ့ ပုမ္ဘာဝ ဒသက ကလာပ်တစ်စည်း၊ မိန်းမဖြစ်အံ့ က္ကတ္ထိဘာဝဒသက ကလာပ်တစ်စည်း။

            ထိုသို့ ကလာပ်၃စည်းအားဖြင့် ပဋိသန္ဓေတည်ရ၏။ အမှတ်စဉ်၃ရှိကလာပ်နှစ်စည်းအနက် တစ်စည်းမှမရပါက နပုံးဖြစ်ကာ ကာယဒသက၊ ဝတ္ထုဒသက ကလာပ်၂စည်းတို့ဖြင့်သာ ပဋီသန္ဓေတည်ရ၏  ။
ကလလရေကြည်ပမာဏ

                ထိုသို့ ပဋိသန္ဓေတည်သော ရုပ်ကလာပ်သုံးစည်းကို လောကဝေါဟာရ ပညတ်အားဖြင့် ကလလဟုခေါ်သည်။ ထို ကလလ ပမာဏကို အရှင်သာရိပုတ္တရာက သန်းဦးခေါင်းမျှလောက်ဟု ဟောတော်မူသောကြောင့် ရုပ်ကလာပ်စည်းတို့တွင် ပမာဏ ရကောင်းသည်လည်း ပထ၀ီဓာတ်နှင့် ရူပါရုံသာဖြစ်၍ အရပ်ရပ် ကလာပ်စည်းဟူသမျှတို့၏ ပမာဏသည် တူကြရမည်ဖြစ်သောကြောင့် ထိုပဋိသန္ဓေ ကလာပ်စည်း သုံးစည်း၏ ပမာဏသည် သန်းဦးခေါင်း သုံးလုံးမျှရှိလောက်၏ ဟူ၍သာ သန္ဒိဌာန်ကျမှတ်အပ်၏ ။

ကလပ်စည်း ၃စည်း ရုပ်၁၁ပါး အသီးသီးကျေးဇူးပြုပုံ

                ထိုကလာပ်စည်း သုံးစည်းတို့တွင် ကလာပ်စည်းတစ်စည်းတွင် ရုပ်ဆယ်ခုစီရှိရာတွင် -

(၁) ပထဝီဓာတ်တို့သည် အခြားသောရုပ်တို့၏ တည်ရာအစိုင်အခဲဖြစ်အောင် ခိုင်မာသောသဘော။

(၂) အာပေါဓာတ်သည် မပိန်၊မခြောက် အမှုန့်ဖြစ်၍ မပျောက်ရအောင်စိမ့်ဝင်ပေါင်းစု၏ ။

(၃) သားငါးတို့ကို မီးဖြင့်ဖုတ်ကင်လျှင် မပုပ်နိုင်သကဲ့သို့ တေဇောဓာတ်သည်လည်း မပုပ်အောင်စောင့်၏ ။

(၄) ကျားကန်သကဲ့သို့ ဝါယောဓာတ်သည် အတွင်းကကန်၍ အပြင်က ဘိ(ဖိ)၏  ။

            ထိုသို့ဓာတ်လေးပါး အစုအထည်ဒြပ်ဖြစ်ရာတွင်-

(၅) ရူပါရုံသည် မြင်ကောင်းသော အဆင်းသဏ္ဍန်ရှိ၏ ။

(၆) ဂန္ဓာရုံသည်အနံ့ဖြစ်၏ ။

(၇) ရသာရုံသည် ရသာခြောက်ပါးတွင် တစ်ခုခုဖြစ်၏ ။

(၈) သြဇာသည် မျှတတောင့်တင်းစေ၏ ။

(၉) ဇီဝိတသည် မသေရအောင်စောင့်၏ ။

(၁၀)ဝတ္ထုရုပ်သည် စေတသိတ်တို့မှီရာဘို့ဖြစ်၏ ။

(၁၁)ဘာဝရုပ်သည် မိန်းမ၊ ယောက်ျား ပုံသဏ္ဍာန်ဖြစ်ရန် ဘို့ဖြစ်၏။

          ထိုကလာပ်၃စည်းမူကား ရှေးကံကြောင့်သာ ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ်နှင့်အတူတစ်ပြိုင်နက်ဖြစ်၏ ။ ထိုကလာပ်၃စည်းတို့သည် အချင်းချင်းမရောယှက်ရအောင် ကလာပ်တစ်စည်း တစ်စည်း၏ပတ်လည် ၀န်းကျင်တွင် အာကာသဓာတ် ပရိစ္ဆေ ရုပ်ခြားလျက် ဟင်းလင်းလဟာလည်းရှိ၏ ။
ကလာပ်သုံးစည်းပမာဏ

           ကလာပ်သုံးစည်းလုံးဖြစ်သော ပမာဏ၏ သုံးပိုင်းတစ်ပိုင်းသည်  ကလာပ်တစ်စည်း၏ ပမာဏဖြစ်၏ ။ ထိုကလာပ်စည်းတွင် ပထ၀ီဓာတ်နှင့် ရူပါရုံသာ အလေး၊အပေါ့၊အဆင်းသဏ္ဍာန် ပမာဏကိုရကောင်သောကြောင့် အဋ္ဌကလာပ်မှသည် တေရသက ကလာပ်တိုင်အောင်အကြီးအငယ်တူကြကုန်၏  ။

          ထိုကလာပ်သုံးခုတို့၏ ပုံသဏ္ဍာန် ၊အလုံး၊အပေါက်၊ ဗိန္ဓု ဟူ၍ပင်မှတ်အပ်၏  ။ ထိုကလာပ်သုံးစည်းဟူသော ရုပ်မှုန့်လုံးငယ် သုံးခုအကြားတွင် ဟင်းလင်း လဟာ အာကာသဓာတ်ခြားလျက်ရှိသော်လည်း အာပေါဓာတ်သည် ပေါင်းစုဖွဲ့စည်း၍ ဝါယောဓာတ်ကအတွင်းကကန်၍ ပြင်ပတ်လည်က ဘိ(ဖိ)သောကြောင့် ရုပ်ကလာပ်လုံးငယ်သုံးစုသည် သီးခြားစီကွဲပြား၍မသွားနိုင် ပေါင်းစု၍တည်ကြရ၏ ။ ထိုကလလ၏အဆင်းသဏ္ဍာန်ကား ကြက်ဥသိမ် စသော ဥသိမ်နှင့်တူ၏ ။ ထိုဥသိမ်သည်လည်း ကလလပင် ဟူ၍ အရှင်နာဂသိန်ဟောတော်မူသည်။

ကလလရေကြည် ၇ရက်တည်ပုံ

            ထိုကလာပ်သုံးစည်း ပဋိသန္ဓေစိတ်နှင့်တစ်ပြိုင်နက်ကျရာတွင် ပဋိသန္ဓေစိတ်သည် ခဏတွင် ပဋိသန္ဓေစိတ်နှင့်အတူဖြစ်သော ကလာပ်သုံးစည်းတွင်ပါသော တေဇောဓာတ်ဟူသော ဥတုသည် ဥတုသမုဋ္ဌာန် အဋ္ဌကလာပ်ကိုဖြစ်စေ၏ ။ အခြားမြို့ကျေးရွာသို့ရောက်စဖြစ်သောသူသည် အခြားမည်သည့်အမှုကိုမှ မဖြစ်စေနိုင်သကဲ့သို့ ဘ၀သစ်တွင် ဖြစ်စဦးဖြစ်သော ပဋိသန္ဓေစိတ်သည် ရုပ်ကိုမဖြစ်စေနိုင်။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ခဏတိုင်း၊ခဏတိုင်း ကံကြောင့်ဖြစ်သော ကာယဒဿက၊ ဝတ္ထုဒဿက၊ ဘာဝဒဿက ကလာပ်သုံးစည်းတို့သည် ဖြစ်ကြကုန်၏  ။ ထိုသို့ဘဝင်စိတ်ဖြစ်တိုင်း ရုပ်ကလာပ်မှုန့်အလုံးငယ်တို့သည် တိုးပွား၍ ၇ရက်တိုင်တိုင် ကလလအဖြစ်ဖြင့်တည်ကြောင်းနှင့် ရောမနိုင်ငံထွက်ကျမ်းတို့တို့တွင်ဆိုသည့်အတိုင်း ယက္ခသံယုတ် အဋ္ဌကထာတွင်ဆိုသည့် စကားနှစ်ရပ်ညီသောကြောင့်လည်းကောင်း ပဋိသန္ဓေတည်သည်မှ မွေးဖွားသည်တိုင်အောင် ရက်၊လအရေအတွက်ညီညွတ်သောကြောင့်လည်းကောင်း  ထိုစကားကိုမှတ်အပ်၏ ။

(ကလလ၏ အဖြစ်ဖြင့် တစ်လတိုင်အောင်တည်သည်ဟုဆိုသော သုဿုတစ စသောဆေးကျမ်းဆရာတို့စကားကို ယုတ္တိအာဂုံမရှိသောကြောင့်မမှတ်အပ်။)

           ပဋိသန္ဓေစိတ်နှင့်တစ်ပြိုင်နက်ဖြစ်သော ဖြစ်ရင်းကလာပ်စည်းတို့သည် ပဋိသန္ဓေစိတ်နောင် တစ်ဆယ့်ချက်မြောက်သောဘဝင်စိတ်နှင့်ပြိုင်၍ချုပ်၏ ။ ရုပ်ရှိသမျှသောသဘောသည် စိတ်(၁၇)ချက်မျှလောက်သာ အသက်ရှိသည်။ စိတ်၏ဖြစ်ခြင်းသည်လည်း အလွန်မြန်သည်။ လက်ဖြစ်တတွက်မျှလောက်သောကာလတွင် စိတ်ပေါင်းကုဋေတစ်သိန်းဖြစ်၍ ချုပ်နိုင်၏ ။ ထို့ကြောင့်တစ်အောင့်ခြင်းတွင် အထက်ကို ဘဝဂ်၊ အောက်ကိုအဝီစိတိုင်စိတ်ဖြင့်ကူးသန်းရောက်ပေါက်နိုင်၏  ။

No comments:

Post a Comment

ပျော်ရွှင်စရာကမ္ဘာလေးဖြစ်ပါစေ