Sunday, July 29, 2012
HAPPY BIRTDAY
နေနဲ့လ လိုက်တန်းပြေးတန်း ကစားတဲ့နေ့ရက်တွေမှာ
လကလေးက နေကို မလိုက်နှိင်လို့ ကြယ်လေးတွေကသနားပြီး
ငိုချလိုက်လို့ ရွှာကျလာတဲံမိုးနေ့လေးတွေကုန်ဆုံးလို့
လ ကလေးက နေကိုဖမ်းမိသွားလို့ နေကြတ်သွားတဲ့
သြဂုတ် လထဲမှာ ကြယ်လေးတွေက ၀မ်းသာပြီး
ထွန်းလင်းလိုက်လို့တောက်ပသွားတဲ့ အလင်းရောင်
အောက်က ပန်းခင်းလေးထဲမှာ
ပျားမလေးတစ်ကောင် ရဲ့ မွေးနေ့ပွဲ ကို အပေါင်းဖော်တွေနဲ့ပျော်ရွှင်စွာ
ကျင်းပနေစဲ .........
ကွန်ယှက်ချင်း နီးစပ်လို့သာ နီးစပ်နေတဲ့သူက
ကွာခြားထားတဲ့တောင်တန်းလေးတွေကို ဖြတ်ကျော်ကာလာခဲ့ချင်ပေမဲ့
သိန်းစွန်တစ်ကောင်လို ခွန်အားမသန်တော့
ကွာဝေးနေတဲ့နေရာကပဲ ကဗျာလေး တစ်ပုဒ်ရေးစပ်ပြီ်း
သူ့အတွက် ဆုတောင်းလေးတစ်ခုဆုတောင်းရင်းနဲ့ပဲ
အဝေးက ကျေနပ်နေခဲ့မယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ပျော်ရွှင်စရာကမ္ဘာလေးဖြစ်ပါစေ